ကြသပတေး, 2024-04-25, 8:53 AM
ဘူးရေမျက်ရွာလေးမှနွေးထွေးစွာကြိုဆိုပါတယ် Guest | RSS
ပင်မကျေးရွာအုပ်စု | File Catalog | ရွာမှတ်ပုံတင်လုပ်ရန် | ရွာအတွင်းဝင်ရောက်ရန်
Section categories
My files [4]

ရွာ၏အခြေအနေ

အွန်လိုင်းရှိနေသူ 1
ဧည့်သည် 1
ရွာသူ/သား 0

နှစ်သစ်ကူးရောက်မယ့်အချိန်

ရွာလေးကိုလာလည်သူများ
free counters

ရွာအတွင်းလည်ပတ်နေသူ

မူလအစ » အကြေင်းအရာ » My files

ကွန်ပျူတာစသုံးသူအများအတွက်
2012-09-25, 8:39 PM
ကျွန်တော်တို့ ကွန်ပျူတာသုံးနေကြရာဝယ်. ထိမ်းသိမ်းမှု ၊ပြုပြင်မှုအနေဖြင့် မိမိစက်ကိုမိမိ အတိုင်းတာတစ်ခုထိ ကိုင်တွယ်တတ်ဖို့လိုပါတယ်. ကိုယ်ပိုင်ကွန်ပျူတာသုံးပြီး ကွန်ပျူတာသန့်ရှင်းရေးမလုပ်တတ်တာ၊ software အသွင်းအထုပ်မလုပ်တတ်တာ၊ virus software မသုံးတတ်တာ၊ window မတင်တတ်တာတွေဟာ ကွန်ပျူတာသမားလို့မိမိကိုယ်ကို သတ်မှတ်ထားသူဆိုရင် အားနည်းနေတယ်လို့ဆိုချင်ပါတယ်. (အရင်ကကျွန်တော်လည်း မတတ်ခဲ့ပါ. ဒါပေမယ့် လေ့လာသင်ယူခြင်းအားဖြင့် ကျော်ဖြတ်ခဲ့ရပါသည်. ဒါတွေဟာ ကွန်ပျူတာ ဆရာကြီးတွေအတွက်ဆိုရင် အခြေခံအနေအထားလို့ပြောရင်ရနိုင်ပါသည်။ ) ထိုကဲ့သို့ ကွန်ပျူတာသုံးပြီး စက်ပိုင်းဆိုင်ရာ အခြေခံထိမ်းသိမ်းမှု မသိမတတ်တာ မဖြစ်စေချင်ပါ. တတ်စေချင်ပါသည်. ထို့ကြောင့် မိမိနားလည်သလောက် ယခုလို စုစည်းတင်ပြမိပါသည်.

(၁)မိမိသုံးနေသည့် ကွန်ပျူတာကို ဖိုင်စီခြင်းနှင့် သန့်ရှင်းရေးလုပ်ရန်
window ထဲတွင်ပါပြီးသားပါ. All programs>Accessories>System tools>Disk defragmenter ကိုရောက်အောင်သွားပြီး မိမိစက်ထဲက ဖိုင်များကိုစီနိုင်ပါတယ်. ဖိုင်စီထားခြင်းဖြင့် မိမိစက်ကို သုံးရတာမြန်စေပါတယ်.
Free Image Hosting at www.ImageShack.us

(ဒါပေမယ့် window တွင်ပါပြီးသားဖြင့် ဖိုင်စီရင် အချိန်ကြာတတ်ပါတယ်. software အကိုညီဖြင့်လုပ်လျှင် ပိုမိုမြန်ဆန်သည်.) All programs>Accessories>System tools>Disk cleanup ကိုရောက်အောင်သွားပြီး Hard disk တွေထဲက မလိုအပ်သည်များကို ရှင်းလင်းပါ.
Free Image Hosting at www.ImageShack.us

( Cleanup software များကိုလည်းသုံးနိုင်ပါတယ်. error registry များကိုလည်း software အကူဖြင့် ဖျက်ရပါမယ်. ဒါမှ မိမိစက်ဟာ လန်းဆန်းနေပါလိမ့်မယ်.) အထက်ပါအလုပ်ကို အနည်းဆုံး မိမိသုံးသည့်အနေအထားအတိုင်း တစ်ပတ် တစ်ခါလောက်လုပ်ပေးရင် အကောင်းဆုံးပါ.
ဖိုင်စီဖို့တွက် download= smart defrag 2
error registry တွေရှင်းဖို့ download= Advanced System Care V4.0.0


(၂)software သွင်းခြင်း၊ ထုပ်ခြင်း
software သွင်းခြင်းတွင် အမျိုးအစားလိုက်ကွာပါတယ်.အထူးလေ့လာဖို့လည်းလိုပါတယ်. free ware များတွင် next ဖြင့်ဆက်သွားရင်း နောက်ဆုံး finish ကိုရောက်သွားပါတယ်. ကြားတွင် I accept the agreement ဆိုတာလေးကိုကလစ်ပြီးသွားယုံပါ.

Free Image Hosting at www.ImageShack.us

တချို့တွင် သွင်းနေရင်း key ထည့်ရတာရှိပါတယ်. software တွင် ပါသည့် keygen ကို ဖွင့်ပြီး ယူရပါတယ်. နောက်တစ်ခုက သွင်းပြီး crack ထည့်ရတာလည်းရှိပါတယ်. crack ထည့်ဖို့က သွင်းထားသည့်နေရာကိုသွားပြီးထည့်ရပါတယ်.သွင်းထားသည့် software icon ကိုရှာပြီး right click ပေးကာ ကျလာသည့် box ထဲက အောက်ဆုံး Properties ကိုကလစ်ဖွင့်ပါ.ထိုအခါ Find Target ဆိုတဲ့ ဘယ်ဘက်အောက်ကနေရာကိုကလစ်ဖွင့်ရင် software မူရင်း နေရာကိုရောက်ပါတယ်.

Free Image Hosting at www.ImageShack.us


ယင်းနေရာထဲကို crack file ထည့်ရပါတယ်. သွင်းထားသည့် ဆော့ဝဲလ်ကို ပြန်ဖြုတ်ချင်ရင် တော့ start> control panel>add or remove programs ထဲကိုသွားပြီး ဖြုတ်နိုင်ပါတယ်.

Free Image Hosting at www.ImageShack.us

မိမိဖြုတ်ချင်သည့် software ကို ရှာပြီး remove လုပ်ရပါမယ်. မိမိဖြုတ်လိုက်သည့် software အကြီးအသေးအလိုက် အချိန်ပေးရပါတယ်.

(၃) virus software သုံးခြင်း
ကျွန်တော် အရင်က အမျိုးမျိုးသုံးဖူးပါတယ်. ကောင်းနိုးနိုးဖြင့်ပေါ့. အခုတော့ kaspersky ကိုပဲသုံး စွဲစွဲမြဲမြဲသုံးဖြစ်နေပါတော့တယ်. ကောင်းတယ်လို့ဆိုချင်ပါတယ်. အွန်လိုင်းသုံးသူများအတွက်ဆိုရင်ပိုအဆင်ပြေပါတယ်. ၀ယ်မသုံးရင်လည်း trial version ကိုသုံးနိုင်ပါတယ်. တစ်လသုံးခွင့်ရတာက အားသာချက်ပါ. ပြန်ဖြုက်ပြန်တင် သုံးလို့ရပါတယ်.(သူ့အားနည်းချက်က update လို့ထင်ပါတယ်. update မဖြစ်ရင် အဆင်မပြေပါ. )

Free Image Hosting at www.ImageShack.us

download = kaspersky 2012

(၄) window တင်ခြင်း
အတွေ့ကြုံကို အပင်ပန်းခံ ရှာဖို့တိုက်တွန်းချင်ပါတယ်. ကျွန်တော်မတတ်ခင်တုန်းက တနေ့ထဲ လေးငါးခါလောက်တင်ခဲ့ဖူးပါတယ်. နောက်ပိုင်း window များဟာတင်ရတာ ပိုလွယ်လာပါတယ်. window တင်နည်းစာကိုယူပြီး ဖတ် လေ့လာပါ. မိမိမှာprinter ရှိရင် စာထုပ်ပြီး ကြည့်ပါ. ကြိုးစားပြီး တင်ကြည့်ပါလို့ တိုက်တွန်းပါတယ်. ဒါပေမယ့် window မတင်ခင် window ရှိနေသည့် အများစု hard disk C: ထဲက မိမိအပြက်မခံနိုင်သည့် ဖိုင်များကို တခြား hard disk အပိုင်းတွင်သိမ်းဖို့မမေ့ပါနှင့်.
download= window တင်နည်းစာအုပ်
(ယခုကျွန်တော်သုံးနေသည့်window XP ဖြစ်သည်၊ ၄င်းကို အခြေခံရေးထားခြင်းသာဖြစ်သည်၊ window 7 တွင်လည်း ထိုသို့ပါပဲ သိပ်မကွာပါ. သုံးတတ်သွားရင်အလိုလို သိလာပါလိမ့်မည်ဖြစ်သည်၊)

မူရင်လင့်=>http://www.akmkuntha.com/search/label/computer%20%E1%80%9E%E1%80%AF%E1%80%90
Category: My files | ရေးသား/တင်ပြသူ: မာန်အောင်သားလေး | အမျိုးအစား: ကွန်ပျူတာ, နည်းပညာ
ကြည့်ရှုသူပေါင်း: 269 | ဒေါင်းလော့အကြိမ်: 0 | ဦးမှ မှတ်ချက်ပေးထားသည်: 2 | နှစ်သက်မှုမှတ်တမ်း: 0.0/0
စုစုပေါင်းပေးထားသောကော့မင့်: 0
dth="100%" cellspacing="1" cellpadding="2" class="commTable">
အမည်
သင့်အီးမေးလ်ကိုထည့်ပါ:
ကုဒ်တွေကိုမှန်အောင်ထည့်ပါ
ရွာနီချင်း ရွာများ
  • ကျနော့်လိုဆိုဒ်လေးလုပ်မယ်
  • Online Desktop
  • Online မှာ Games ဂိမ်းကစာမယ်
  • Video Tutorials
  • All HTML Tags
  • Browser Kits

  • ရွာအတွင်းရှာရန်
    ရေးထားသမျှလေးတွေ

    Copyright MyCorp © 2024 ဘူးရေမျက်ရွာ |||!!!........ဘူးရေမျက်ရွာလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်......!!!||| Free website builderuCoz