သောကြာ, 2024-04-26, 4:16 PM
ဘူးရေမျက်ရွာလေးမှနွေးထွေးစွာကြိုဆိုပါတယ် Guest | RSS
ပင်မကျေးရွာအုပ်စု | | ရွာမှတ်ပုံတင်လုပ်ရန် | ရွာအတွင်းဝင်ရောက်ရန်
ရှိခိုးပူဇော်

တောင်းပန်ခံခြင်း

ရွာ၏အခြေအနေ

အွန်လိုင်းရှိနေသူ 1
ဧည့်သည် 1
ရွာသူ/သား 0

နှစ်သစ်ကူးရောက်မယ့်အချိန်

ရွာလေးကိုလာလည်သူများ
free counters

ရွာအတွင်းလည်ပတ်နေသူ

မူလအစ » 2012 » ဇူလိုင် » 24 » စစ်တွေမြို့ဆေးရုံကြီး၏မူလပိုင်ရှင် ဦးကေသရ
12:32 PM
စစ်တွေမြို့ဆေးရုံကြီး၏မူလပိုင်ရှင် ဦးကေသရ
၁၉၅၈ ခုတွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုသည် သာသနာတ၀က် မင်းကေါင်းတဆက် ကိန်းအရ ဆဌမ သင်္ဂါယနာ မတင်မှီ အကြိုညှိနှိုင်းပွဲတွင် ရခိုင်မှဆရာတော် များနှင့် ပြသနာ ဖြစ်ပွားခဲ့ပြီးနောက် ၀ိစိတ္တသာရာဘိဝံသ နှင့် ၀န်ကြီးချုပ်တို့ နှစ်ဦးသည် ရခိုင်မှ ရဟန်းသင်္ဂါများ မပါဘဲ သင်္ဂါယနာတင်ရန် ကြံကြလေသည်။ သင်္ဂါယနာတင်ရာတွင် ဒုတိယ ခေါင်းဆောင် ဖြစ်သော မဟာစည် ဆရာတော်ဘုရားကြီးသည် ရခိုင်မှ ရဟန်းမပါလျှင် မဖြစ်ဟူ၍ ၀န်ကြီးချုပ် ကို အကြံပေးလေသည်။
ဆရာတော်၏ အကြံပေးချက်အရ ၀န်ကြီးချုပ် ဦးနုသည် သာသနာရေးဝန်ကြီး ဦးဘစော ကို တာဝန်ပေးလျှက် သာသနာနှင့်အစိုးရကို မဆန့်ကျင်သည့် ရခိုင်ဆရာတော် တပါးပါးကို ရှာဖွေပေးရန် စေခိုင်းလေသည်။ ရန်ကုန်မြို့ ကျောက်မြောင်းတွင် သီတင်းသုံးနေတော်မူသော ရခိုင်သောတုဇန အဖွဲ့၏ ခေါင်းဆောင်တဦး ဖြစ်သော မာန်အောင်သား ဦးကေသရ နှင့် ဦးဘစောသည် တွေ့ဆုံ ဆွေးနွေးလေသည်။ ဦးဘစော၏ စီစည်ပေးချက်အရ ဆရာတော် ဦးကေသရသည် ၀န်ကြီးချုပ်နှင့် တွေ့သော အခါ သင်္ဂါယနာတင်ရာတွင် ငါမည်သို့မျှမပြော ၀န်ကြီးချုပ်အနေနှင့် စစ်တွေမြို့တွင် ဆေးရုံကြီးတရုံသာ ဆောက်ပေးပါ ဟုပြောဆိုလေသည်။ ၀န်ကြီးချုပ်ဦးနုသည်လည်း သင်္ဂါယနာ တင်ပြီးလျှင် ဆေးရုံတရုံဆောက်လုပ်ပေးပါမည် ဟူ၍ ဂတိစကါးဖြင့် ခံဝန်ပြုလေသည်။
ဗမာနိုင်ငံတော်အစိုးရ၏ ၀န်ကြီးချုပ်ဦးနုသည် ဆဌမ သင်္ဂါယနာတင်ပြီးသည့်နောက် ဆရာတော်များကို ကမ္ဘာအေး လှိုင်ဂူတွင် ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လျှူဒါန်းလေသည်။ မာန်အောင်သား ဆရာတော် ဦးကေသရ ကိုလည်း အဂ္ဂမဟာပဏ္ဏိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လျှူဒါန်းလေသည်။ ဆရာတော်က ၀န်ကြီးချုပ်ဦးနုအား ဘွဲ့တံဆိပ်ကိုမလို စစ်တွေ ဆေးရုံကိုသာ ငါအလိုရှိသည် တကါ ဟူ၍ ပြောဆိုကါ ဆုတံဆိပ်ကို လက်မခံခဲ့ပေ။
တနှစ် နှစ်နှစ် သာကြာလာသည် စစ်တွေဆေးရုံမှာ အကေါင်အထည် ပေါ်မလာဘဲ ရှိလေသည်။ ထိုအခါ ဆရာတော်သည် ရခိုင်သောတုဇန အဖွဲ့၊ အ၀ကျွှန်းးသား (ဘောရိသျှ၊ ဘင်္ဂလာဒေသ)၊ ရမ်းဗြဲသား၊ မာန်အောင်သား၊ တို့ကို စည်းရုံး၍ အ၀တ်ဖြူတွင် လူသေကေါင် ကို ခွေးစားနေသော အရုပ် ဖျာဆိုး ကါသော စစ်တွေဆေးရုံ အရုပ် တို့ကို ပန်းချီ ရေးဆွဲလျှက် ၀န်ကြီးချုပ် ဦးနုကို ဆန္ဒပြလေတော့သည်။ (မှတ်ချက်။ ။ ကြေးမုံနှင့် ဗိုလ်တထေါင် သတင်းစာ တွင် ပါရှိလေသည်။) ထို့ကြောင့်ပင်လျှင် စစ်တွေပြည်သူ့ဆေးရုံကြီးကို ဗမာအစိုးရသည် မဖြစ်မနေ ဆောက်ပေးရန် ဖြစ်လာလေတော့သည်။
ထို့နောက်ဆရာတော် ဦးကေသရသည် ဗမာအစိုးရနှင့် ပဏါမစား ဖြစ်လာသောအခါ အရှေ့ပါကစ္စတန်( ဘင်္ဂလာဒက်ချဲ့) အ၀ကျွှန်း(ဘောရိသျှ) ဒေသ တာတလီ(ထန်တောအုပ်စု) နယ် ပုံစာခလာ ကျေးရွာတွင် ၀ါဆိုလေသည်။ ဦးနု အစိုးရသည် အ၀ကျွှန်းရှိ ရခိုင်တို့ကို စည်းရုံး လို၍ စာကြည့်တိုက် နှင့် ဘာသာရေး အဆောက်အဦးများ ဆောက်လုပ်ရန် ငွေကြေး ထုတ်ပေး လေသည်။ တာတလီဒေသ စာကြည့်တိုက် ဖွင့်ပွဲသို့ ပါကစ္စတန်နိုင်ငံ ဆိုင်ရာ ဗမာ သံအမတ်ကြီး ဦးဖေခင်နှင့် ဒါကါမြို့ ကေါင်စစ်ဝန် ဦးလှအောင် တို့တက်ရောက် ကြလေသည်။
ဦးဖေခင်နှင့် ဦးလှအောင်တို့ တာတလီသို့ ရောက်ရှိလာသောအခါ ဆရာတော်၏ သင်ကြား ချက်အရ လူအများသည်၊ ရခိုင်ရခိုင် အထက်တန်းမှာထိုင် ရခိုင်သတ္တိရှိဆရာရှိ၊ ဟူ၍ သံပြိုင် အော်ကြလေတော့သည်။ ဆရာတော်၏ကျေးဇူးကြောင့် ရမ်းဗြဲနွယ်ဖွား အ၀ကျွှန်းသား တို့ကို စည်းရုံးရန်လာသော ဗမာတို့မှာ တပ်လှန်၍ ပြန်သွားကြရလေတော့သည်။
................
 ကျားကြီးကျော်ခိုင်အောင်
ကြည့်ရှုသူအရေအတွက်: 253 | ရေးသား/တင်ပြသူ: မာန်အောင်သားလေး | အမျိုးအမည်: တောင်းပါး | နှစ်သက်မှုမှတ်တမ်း: 0.0/0
ကော့မင့်စုစုပေါင်း: 5
0  
5 မောင်မောင်   (2012-09-24 8:06 AM) [Entry]
လာလည်သွားပါတယ်

+1  
3 manaungtharchay   (2012-08-14 4:21 PM) [Entry]
လာလည်ပါေ၇ နန်းအစ် ကို

0  
ကျေးဇူးတင်ပါညီလေး အသစ်ဆိုတော့ ဘာမှတော့မတင်ရသေးပါဘူး smile

+1  
1 phyu chay   (2012-07-29 3:10 PM) [Entry]
ဗလကြီး ဒါနင်တင်ထားဒါဆိုရင် တော်တယ်ပြောမလို

0  
ဖြူချေ မနောက်ပါနဲ့ မသာမ angry tongue

dth="100%" cellspacing="1" cellpadding="2" class="commTable">
အမည်
သင့်အီးမေးလ်ကိုထည့်ပါ:
ကုဒ်တွေကိုမှန်အောင်ထည့်ပါ
ဖတ်ပေးပါနော်

ရွာပြက္ဒိန်
«  ဇူလိုင် 2012  »
SuMoTuWeThFrSa
1234567
891011121314
15161718192021
22232425262728
293031

ရွာထဲမှ စာပေများ

ရွာနီချင်း ရွာများ
  • ကျနော့်လိုဆိုဒ်လေးလုပ်မယ်
  • Online Desktop
  • Online မှာ Games ဂိမ်းကစာမယ်
  • Video Tutorials
  • All HTML Tags
  • Browser Kits

  • ရွာအတွင်းရှာရန်
    ရေးထားသမျှလေးတွေ

    Copyright MyCorp © 2024 ဘူးရေမျက်ရွာ |||!!!........ဘူးရေမျက်ရွာလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်......!!!||| Free website builderuCoz